Pages

Subscribe:

Wednesday, 29 February 2012

IDM 6.09 built 2 (နောက်ဆုံးထွက် version)

လုပ်နည်း (၁)
  • "ctrl + alt + delete" ဒါမှမဟုတ် Task Bar ကို right click ထောက်ပြီး start Task manager ကို နှိပ်လိုက်ပါ.
  • ပြီးရင် process ကို ရွေးပြီးနှိပ်လိုက်ပါ. အဲ့အထဲမှာ IDMan.exe ဆိုတဲ့ ဖိုင်နာမည်ကို နှိပ်ပြီး end process ကိုနှိပ်လိုက်ပါ (or) အရင်တင်ထားတာကို uninstall လုပ်လိုက်လည်း ရပါတယ်.
  • ပြီးတာနဲ့ အခုတင်ပေးလိုက်တဲ့ထဲက idman609.exe ဖိုင်ကို double click နှိပ်ပြီး install လုပ်လိုက်ပါ.
  • အားလုံးပြီးသွားရင်တော့ တင်ပေးထားတဲ့ IDM.v6.xx.release.3-patch နာမည်နဲ့ဖိုင်ကို internet download manager ရဲ့ Location ထဲကို သွားပြီး paste လုပ်လိုက်ပါ.
  • ပြီးရင် right click ထောက်ပြီး Run as administrator နဲ့ Run လိုက်ပြီး patch ဆိုတာကို နှိပ်လိုက်ပါ. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်.
လုပ်နည်း (၂)
  • ဒီပို့စ် ထဲက internet download manager ကို download လုပ်လိုက်ပါ။
  • Internet download manager 6.08.8 Software
    ifile | mediafire | mirrorcreator

    Internet download manager 6.08.8 ကို registration လုပ်ပုံလုပ်နည်း video ဖိုင်
     
  • "ctrl + alt + delete" ဒါမှမဟုတ် Task Bar ကို right click ထောက်ပြီး start Task manager ကို နှိပ်လိုက်ပါ.
  • ပြီးရင် process ကို ရွေးပြီးနှိပ်လိုက်ပါ. အဲ့အထဲမှာ IDMan.exe ဆိုတဲ့ ဖိုင်နာမည်ကို နှိပ်ပြီး end process ကိုနှိပ်လိုက်ပါ . ပြီးတာနဲ့ Download လုပ်ထားတဲ့ ဖိုင်ကို ဖြည်လိုက်ပြီးအထဲက unregister.reg ဆိုတဲ့ registry ဖိုင်လေးကို Double click နှိပ်ပြီး run ပေးလိုက်ပါ. အဲ့ပို့စ်ထဲက video ထဲကအတိုင်းပဲ လုပ်လိုက်ပါ. patch တော့ မလုပ်ပါနဲ့တော့ ပြီးတာနဲ့ အဲ့ထဲက ညီလေးပြောတဲ့ first name တို့ဘာတို့ကို တစ်ခါတည်း ဖြည့်ပေးထားတဲ့ registry key ဖိုင်ကို မိမိတင်ထားတဲ့ window က 32bit လား 64bit လားဆိုတာကို ကြည့်ပြီးတော့ 32bit ဆိုရင် 32bit အတွက်လုပ်ထားတဲ့ registry ဖိုင်ကို run ရမှာဖြစ်ပြီးတော့ 64 bit ဆိုရင်တော့ 64bit နဲ့လုပ်ထားတဲ့ registry ဖိုင်ကို run ရမှာဖြစ်ပါတယ်. (သတိ-ပထမဦးဆုံး unregister.reg ဖိုင်ကိုအရင် run ပါ) အဲ့ဒါဆိုရင်တော့ ညီရဲ့ ပေါ်နေတဲ့ box လေး မပေါ်လာတော့ဘဲနဲ့ register ဖြစ်သွားပါလိမ့်မယ်. အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်.

Download  IDM 6.09 built 2
Ifile | Mediafire | Mirrorcreator

အင်တာနက်သုံးတိုင်း adobe product အားလုံး serial number ထပ်ထပ်တောင်းနေတာကို ဘယ်လို block လုပ်ရမလဲ

လုပ်နည်းကတော့လွယ်ပါတယ်.C:/windows/system32/drivers/etcထဲကိုသွားပါ။အထဲမှာ"hosts"အမည်နဲ့ ဖိုင်ကို  ရှာပါ။ပြီးတာနဲ့ အောက်ဆုံးပေးထားတဲ့ link တွေကို အစားထိုးပြီးထပ်ထည့်ပေးရမှာဖြစ်ပါတယ်။

127.0.0.1 activate.adobe.com
127.0.0.1 practivate.adobe.com
127.0.0.1 adobeereg.com
127.0.0.1 www.adobeereg.com
127.0.0.1 adobe-dns.adobe.com
127.0.0.1 adobe-dns-2.adobe.com
127.0.0.1 wip3.adobe.com
127.0.0.1 125.252.224.90
127.0.0.1 125.252.224.91

ခုပြောတာကို ရှင်းတဲ့သူများအနေဖြင့် ချက်ချင်းလုပ်နိုင်သလို နားမလည်သူများ၊ မရှင်းလင်းသူများ၊ အမှားတစ်စုံတစ်ရာဖြစ်မှာ စိုးရိမ်သူများကတော့ အောက်က adobe indesign cs5.5 နဲ့ adobe photoshop cs6 နှစ်ခုကို ဥပမာထားပြီးတော့ အစကနေ အဆုံးအထိ အသံနဲ့ပါ ရှင်းပြထားတဲ့ video ဖိုင်ကို download လုပ်ပြီးကြည့်လိုက်ပါ။ ရှင်းပြထားတာနဲ့ လုပ်ပြထားတာဟာ product နှစ်ခုဖြစ်တဲ့အတွက် ဖိုင်ဆိုက်ကတော့ 52 MB လောက်တော့ ရှိပါတယ်။ အသေးစိတ်လုပ်ပြပြီး ဘာ့ကြောင့် ထည့်ရတယ်ဆိုတာကိုပါ ရှင်းပြထားတဲ့အတွက် သိချင်သူများကတော့ အောက်မှာ Download လုပ်နိုင်ပါတယ်။

Mediafire

Mirrorcreator

Mediafire ဆိုက်ကနေ ဘယ်လို Download လုပ်ရမလဲ

သိတဲ့သူများ အတွက်တော့ အရမ်းလွယ်ပေမယ့် အင်တာနက် ဆိုတာကို အခုမှ စပြီး ထိတွေ့တဲ့သူများအတွက်ကတော့ တစ်ကယ့်ကို ခက်ခဲမှု တစ်ခုပါ. အခု Download link တွေကို http://adf.ly ဆိုတဲ့ ဆိုက်ရဲ့ Url Short link နဲ့ ချိတ်ပြီးတော့ တင်ပေးထားတာပါ. ဘာ့ကြောင့်လဲဆိုရင် တင်ပေးထားတဲ့ software နာမည်တွေကို ရုတ်တရက် search engine ကနေ ရှာလို့ မတွေ့အောင်လို့ မြှုပ်ထားတာ ဖြစ်ပါတယ်. search engine ကနေ တင်ထားတဲ့ ဖိုင်ကိုတွေ့သွားရင် ဘာဖြစ်နိုင်သလဲလို့ မေးလာရင် တင်ထားတဲ့ Link တွေဟာ free အနေနဲ့ latest version များကို အခမဲ့ ဖြန့်ဝေပေးနေတာဖြစ်တဲ့အတွက် တင်ထားတဲ့ ဆိုက်ကနေ ဖိုက်နာမည်ကို ကြည့်ပြီးတာနဲ့ အဖျက် ခံလိုက်ရမှာ ဖြစ်ပါတယ်. အခုလို Download link ကို မြှုပ်ထားတော့ ရုတ်တရက် ရှာလို့မတွေ့နိုင်တော့ပါဘူး. အရင်ဦးဆုံး http://www.mediafire.com ဆိုက်ကနေ တင်ထားတဲ့ ဖိုင်တစ် ဖိုင် Download လုပ်ပုံလုပ်နည်းကို ပြောပြပါ့မယ်.
  • ရလာတဲ့ link မှာ ပုံထဲကအတိုင်း mediafire နဲ့ Download လုပ်မှာ ဖြစ်တဲ့အတွက် mediafire ဆိုတဲ့ စာတမ်းကို နှိပ်လိုက်ပါ..
  • ပြီးရင် http://adf.ly ဆိုက်ကို ရောက်သွားပြီး ပုံထဲကအတိုင်း ၅ စက္ကန့် စောင့်ပေးပါဆိုတဲ့ စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်  . အဲ့တော့ ၅ စက္ကန့် စောင့်နေလိုက်ပါ.












  • ၅ စက္ကန့် ပြည့်သွားတာနဲ့ အောက်က ပုံအတိုင်း Skip AD ဆိုတဲ့ စာတမ်းပေါ်လာ ပါလိမ့်မယ်. အဲ့ဒီ့ပေါ်လာတဲ့ စာတမ်းလေးကို နှိပ်လိုက်ပါ. 













  • အဲ့ဒါဆိုရင် Mediafire ဆိုက်ထဲကို ရောက်သွားပါလိမ့်မယ်. အဲ့မယ် ပုံထဲကအတိုင်း click here to start download from mediafire ဆိုတဲ့ အပြာရောင် စာတမ်းကို နှိပ်လိုက်ပါ.













  • အခုလိုမျိုး Download link တန်းပြီး ကျလာပါလိမ့်မယ် internet download manager တင်ထား သူများ အောက်ကပုံအတိုင်း ကျလာရင် Start Download ကိုနှိပ်လိုက်တာနဲ့ သူ့ဟာသူ Download လုပ်နေပါလိမ့်မယ်. internet download manager မတင်ထားသူများကျတော့ ရိုးရိုး Save box လေးပေါ်လာပါလိမ့်မယ်. ပေါ်လာတဲ့ box က save file ကို နှိပ်ပြီး Download လုပ်လိုက်ပါ..







ကဲအားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.

TOP 10 Most Expensive Accidents EVER !

Tuesday, 28 February 2012

အဖြူနဲ့အမည်း(စန္ဒီFeat- ဂျောက်ဂျက်) DAT

<iframe width="420" height="315" src="http://www.youtube.com/embed/1NhuAsl8wDM" frameborder="0" allowfullscreen></iframe>

ဧရာဝတီ


အာဏာပြလွန်းသည့် အထက်အရာရှိကို ရတနာပုံဝန်ထမ်းများ တိုင်

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန လက်အောက်ရှိ ရတနာပုံ တယ်လီပို့ ကုမ္ပဏီ ၀န်ထမ်း ၈၄ ဦးက ဌာနအကြီးအကဲ တဦး၏ ရိုင်းပျစွာ ပြောဆိုဆက်ဆံမှုနှင့်အာဏာသုံး အလုပ်ရွှေ့ပြောင်း မှုများကို မကျေနပ်သည့် အတွက် ၀န်ကြီးဦးသိန်းထွန်း ထံသို့ ယမန်နေ့က စုပေါင်း လက်မှတ်ရေးထိုး တိုင်ကြား ထားကြောင်း သတင်းရရှိသည်။

ပြင်ဦးလွင်ရှိ ရတနာပုံတယ်လီပို့ (burmaphoto.exblog.jp)
မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ရတနာပုံတယ်လီပို့မှ Project Development Department (PDD) ဌာနကြီးမှူး ဦးမျိုးညွန့်အောင်သည် ထိန်းသိမ်းရေးဌာနမှ ၀န်ထမ်း ၁၇ ဦးအား Solar ဌာနသို့ ကြိုတင်အသိမပေးဘဲ ပြောင်းရွှေ့ပစ်သည့်အပြင် ဝန်ထမ်းများအား ကြမ်းတမ်းရိုင်းပျစွာ ပြောဆိုခြင်း၊ ဝန်ထမ်းများ၏ ပညာရေးဘွဲ့များနှင့်ပတ်သက်၍ ပုတ်ခတ်ပြောဆိုခြင်းတို့ကို မကျေမနပ်၍ စုပေါင်းတိုင်ကြားခြင်းဖြစ်ကြောင်း ရတနာပုံတယ်လီပို့ ၀န်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။
“၀န်ထမ်းတိုင်းကို ဆဲဆိုတယ်၊ မထေမဲ့မြင် ဆက်ဆံတယ်။ အမျိုးသမီးဝန်ထမ်းတွေကို ကာယအိနြေ္ဒပျက်အောင် ပြောဆိုတာတွေ အမြဲတမ်းလုပ်တယ်။ ကျမတို့က အဲဒီလုပ်တာကို မခံနိုင်ဘူး၊ ဒါကြောင့်အထက်ကို တိုင်ရတာ” ဟု ၎င်းက ဆိုသည်။

တိုင်ကြားစာကို ရတနာပုံတယ်လီပို့ အမှုဆောင်အရာရှိချုပ်ထံသို့လည်း ပေးပို့ထားကြောင်း သိရသည်။
ရတနာပုံတယ်လီပို့ ကုမ္ပဏီတွင် ၀န်ထမ်းပေါင်း ၁၀၀ ကျော်ရှိပြီး ၀န်ထမ်းအများစုမှာ ဌာနကြီးမှူး ဦးမျိုးညွန့်အောင်၏ လုပ်ငန်းသဘောတရား နားမလည်ခြင်း၊ ဆက်ဆံရေး ပြေပြစ်မှု မရှိခြင်းတို့ကြောင့် လုပ်ငန်းခွင်တွင် စိတ်ဓာတ်များ ပျက်ပြားကျဆင်းနေကြောင်း အဆိုပါ ဝန်ထမ်းအမျိုးသမီးက ဆက်ပြောသည်။
PDD ဌာနကြီးမှူး ဦးမျိုးညွန့်အောင်သည် ကာကွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး (ကက ဆက်) မှ ဒု ဗိုလ်မှူးကြီးဟောင်းတဦးဖြစ်ကြောင်း သိရသည်။

ဝန်ထမ်းများက ဦးမျိုးညွန့်အောင်ကို အရေးယူပေးရန် လိုလားလျက်ရှိပြီး အရေးယူမှုမရှိလျှင် ၀န်ထမ်းများအနေဖြင့် လက်ရှိအလုပ်မှ နုတ်ထွက်မည်ဟု ညှိနှိုင်းထားကြောင်း တခြားသော ၀န်ထမ်းတဦးကလည်း ပြောသည်။ရတနာပုံတယ်လီပို့ကုမ္ပဏီသည် မြန်မာဆက်သွယ်ရေးနှင့် Bagan Net ကုမ္ပဏီတို့ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ပြည်တွင်းရှိ အိုင်တီကုမ္ပဏီများကိုလည်း အစုရှယ်ယာများကို ထည့်ဝင်စေပြီး ဖွဲ့စည်းထားကြောင်း၊ လက်ရှိ ကုမ္ပဏီ ဥက္ကဋ္ဌမှာ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းထွန်းဖြစ်ကြောင်း သိရသည်။