Pages

Wednesday, 29 February 2012

အဆုံးထိ

အဆုံးထိချစ်တယ်
.............................
အပူပင်ကင်း သောကတွေဝေးလို့
ပျော်သလိုနေ.ကြုံသလိုစား။
ပျော်သလိုနေတဲ့ ငါက
မင်းနဲ့တွေ့တဲ့ ရက်စွဲကစလို့
ချစ်တတ်လာခဲ့တယ်.
စိတ်ကူးနဲ့ ရူးသွပ်တတ်လာတယ်။
အဖြေမရှိတဲ့မေးခွန်းကိုလည်း
ငါဖြေဖို့ကြိုးစားခဲ့တယ်
(အချစ်ဆိုတာဘာလဲ)ဆိုတာပေါ့.
ဝိုးတ၀ါးအဖြေတွေက
ရင်ထဲမှာပြည့်လျှံလို့
ထုတ်ဖေါ်ရေးသားဖို့
ဘာစကားလုံးမှ ငါမတွေ့ခဲ့ဘူး.
မချစ်တတ်ဘူးလားလို့တော့
မမေးလိုက်ပါနဲ့
ချစ်တော့ချစ်တယ်
ဒါပေမယ့်အဆုံးထိချစ်တယ်.

သူပျော်ဖို့တွက်ပေးဆပ်ခြင်းသာ
အချစ်ဆိုရင် ချစ်သူပျော်ဖို့တွက်
ပင်မြင့်ထိပ်က ပန်းပွင့်လေး.
စိမ်းလန်းစေဖို့ရယူခြင်းဆိုတဲ့
အချစ်ဓိပယ်ကို
စွန့်လွတ်ခြင်းဆိုတဲ့မျက်ရည်စက်
လေးနဲ့
ငါ့အချစ်မီးကို ငြိမ်းသတ်ပေးပါမည်...

Forward mails ... က ရလို့ တင်ပေးလိုက်တာပါ။ ရေးသူ မသိပါ။

No comments:

Post a Comment