ဦးကျော်သူ...........
သူသည်ကမ္ဘာလောကကြီးရဲ့တစ်နေရာမှာ
လူဖြစ်ခွင့်ရခဲ့တယ်၊သူရဲ့ဘဝဟာ
ရိုးရှင်းပေမဲ့၊လူတကာထက်တော့ထူးခြားခဲ့သူပေါ့။........
သူသည်ကမ္ဘာလောကကြီးရဲ့တစ်နေရာမှာ
လူဖြစ်ခွင့်ရခဲ့တယ်၊သူရဲ့ဘဝဟာ
ရိုးရှင်းပေမဲ့၊လူတကာထက်တော့ထူးခြားခဲ့သူပေါ့။........
အဆိုအငို၊အချစ်အမုန်း
အလွှမ်းအဆွေး၊လူဆိုးလူမိုက်
ညစ်ပတ်ပေတေ၊စိတ်အထွေထွေဖြင့်လည်း
ဘဝရဲ့ဇာတ်ဆရာညွှန်းစေရာကို
သဘာဝကျအောင် သရုပ်ဆောင်ခဲ့တာသူပဲပေါ့။
အလွှမ်းအဆွေး၊လူဆိုးလူမိုက်
ညစ်ပတ်ပေတေ၊စိတ်အထွေထွေဖြင့်လည်း
ဘဝရဲ့ဇာတ်ဆရာညွှန်းစေရာကို
သဘာဝကျအောင် သရုပ်ဆောင်ခဲ့တာသူပဲပေါ့။
လဒ်လာဘကိုမထား၊အခွင့်အရေးကိုလည်းမမျှော်
" ငါ " ဆိုသောအတ္တအလျဉ်းမရှိ
ဆင်းရဲတာ၊ချမ်းသာတာသူမတွေး၊
" မရဏ " ဆိုတဲ့လမ်းကြောင်းပေါ်မှာ
လျှောက်လှမ်းရမဲ့တစ်နေ့လူသားတွေအတွက်
အရှေ့ကမားမားမတ်မတ်ရပ်ခဲ့သူပေါ့။
" ငါ " ဆိုသောအတ္တအလျဉ်းမရှိ
ဆင်းရဲတာ၊ချမ်းသာတာသူမတွေး၊
" မရဏ " ဆိုတဲ့လမ်းကြောင်းပေါ်မှာ
လျှောက်လှမ်းရမဲ့တစ်နေ့လူသားတွေအတွက်
အရှေ့ကမားမားမတ်မတ်ရပ်ခဲ့သူပေါ့။
ထို့ပြင်မက.....သူ၏အကျိုး မမျှော်ကိုးပဲ
လက်တွဲညီညာ၊စုဝေးကာဖြင့်
ကျလုမျက်ရည်၊ခန်းတိတ်စေဖို့၊
မွန်မြတ်စေတနာ၊မေတ္တာများဖြင့်
လူတကာတို့ရဲ့သောကမျက်ရည်
ငြိမ်းစေခဲ့တာ၊သူပါပဲပေါ့။
လက်တွဲညီညာ၊စုဝေးကာဖြင့်
ကျလုမျက်ရည်၊ခန်းတိတ်စေဖို့၊
မွန်မြတ်စေတနာ၊မေတ္တာများဖြင့်
လူတကာတို့ရဲ့သောကမျက်ရည်
ငြိမ်းစေခဲ့တာ၊သူပါပဲပေါ့။
ဒါတွေမက......သူ၏ကြင်ဖော်ဇနီးသော်လည်း
အားကျိုးမာန်တက်၊စေတနာအရင်းခံ
မြဲမြံစွာဖြင့်၊လက်တွဲညီညီရှေ့သို့ချီ၍၊
လျှောက်လှမ်းအတူတူ၊မငြီးငြူပဲ
ဂရုဏာများဖြင့်ပေးဆပ်ကြည်ဖြူ၊
သူ့ကြင်သူပေါ့။.............
အားကျိုးမာန်တက်၊စေတနာအရင်းခံ
မြဲမြံစွာဖြင့်၊လက်တွဲညီညီရှေ့သို့ချီ၍၊
လျှောက်လှမ်းအတူတူ၊မငြီးငြူပဲ
ဂရုဏာများဖြင့်ပေးဆပ်ကြည်ဖြူ၊
သူ့ကြင်သူပေါ့။.............
သူ၏ပုံရိပ်၊သူ၏စိတ်သည်
နေမင်းကွယ်ပျောက် အလင်းမရောက်လည်း
စန္ဒာလမင်း ထိန်ဝါဝင်းသကဲ့သို့၊
ဤကမ္ဘာလောကကြီးရဲ့ သေဆုံးရန်
ဆက်ရှိနေသော လူသားများစွာအတွက်
" မရဏ " ဆိုတဲ့လမ်း၊တစ်ဖက်ကမ်းကို၊
ညင်သာစွာလျှောက်လှမ်းနိုင်ဖို့
နိဗ္ဗာန်ဆိုတဲ့ ပေါင်းကူးတံတားကို
မျှော်လင့်ချက်အားကောင်းစွာဖြင့်
ပထမဦးဆုံး ဖောက်ပေးခဲ့တာ၊
ဦးကျော်သူ သာဖြစ်ပေတော့သည်၊
ဤကား သူ၏ပုံရိပ်များပါတကား။
ငယ်ဆူး
နေမင်းကွယ်ပျောက် အလင်းမရောက်လည်း
စန္ဒာလမင်း ထိန်ဝါဝင်းသကဲ့သို့၊
ဤကမ္ဘာလောကကြီးရဲ့ သေဆုံးရန်
ဆက်ရှိနေသော လူသားများစွာအတွက်
" မရဏ " ဆိုတဲ့လမ်း၊တစ်ဖက်ကမ်းကို၊
ညင်သာစွာလျှောက်လှမ်းနိုင်ဖို့
နိဗ္ဗာန်ဆိုတဲ့ ပေါင်းကူးတံတားကို
မျှော်လင့်ချက်အားကောင်းစွာဖြင့်
ပထမဦးဆုံး ဖောက်ပေးခဲ့တာ၊
ဦးကျော်သူ သာဖြစ်ပေတော့သည်၊
ဤကား သူ၏ပုံရိပ်များပါတကား။
No comments:
Post a Comment