Pages

Subscribe:

Wednesday 29 February 2012

Mediafire ဆိုက်ကနေ ဘယ်လို Download လုပ်ရမလဲ

သိတဲ့သူများ အတွက်တော့ အရမ်းလွယ်ပေမယ့် အင်တာနက် ဆိုတာကို အခုမှ စပြီး ထိတွေ့တဲ့သူများအတွက်ကတော့ တစ်ကယ့်ကို ခက်ခဲမှု တစ်ခုပါ. အခု Download link တွေကို http://adf.ly ဆိုတဲ့ ဆိုက်ရဲ့ Url Short link နဲ့ ချိတ်ပြီးတော့ တင်ပေးထားတာပါ. ဘာ့ကြောင့်လဲဆိုရင် တင်ပေးထားတဲ့ software နာမည်တွေကို ရုတ်တရက် search engine ကနေ ရှာလို့ မတွေ့အောင်လို့ မြှုပ်ထားတာ ဖြစ်ပါတယ်. search engine ကနေ တင်ထားတဲ့ ဖိုင်ကိုတွေ့သွားရင် ဘာဖြစ်နိုင်သလဲလို့ မေးလာရင် တင်ထားတဲ့ Link တွေဟာ free အနေနဲ့ latest version များကို အခမဲ့ ဖြန့်ဝေပေးနေတာဖြစ်တဲ့အတွက် တင်ထားတဲ့ ဆိုက်ကနေ ဖိုက်နာမည်ကို ကြည့်ပြီးတာနဲ့ အဖျက် ခံလိုက်ရမှာ ဖြစ်ပါတယ်. အခုလို Download link ကို မြှုပ်ထားတော့ ရုတ်တရက် ရှာလို့မတွေ့နိုင်တော့ပါဘူး. အရင်ဦးဆုံး http://www.mediafire.com ဆိုက်ကနေ တင်ထားတဲ့ ဖိုင်တစ် ဖိုင် Download လုပ်ပုံလုပ်နည်းကို ပြောပြပါ့မယ်.
  • ရလာတဲ့ link မှာ ပုံထဲကအတိုင်း mediafire နဲ့ Download လုပ်မှာ ဖြစ်တဲ့အတွက် mediafire ဆိုတဲ့ စာတမ်းကို နှိပ်လိုက်ပါ..
  • ပြီးရင် http://adf.ly ဆိုက်ကို ရောက်သွားပြီး ပုံထဲကအတိုင်း ၅ စက္ကန့် စောင့်ပေးပါဆိုတဲ့ စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်  . အဲ့တော့ ၅ စက္ကန့် စောင့်နေလိုက်ပါ.












  • ၅ စက္ကန့် ပြည့်သွားတာနဲ့ အောက်က ပုံအတိုင်း Skip AD ဆိုတဲ့ စာတမ်းပေါ်လာ ပါလိမ့်မယ်. အဲ့ဒီ့ပေါ်လာတဲ့ စာတမ်းလေးကို နှိပ်လိုက်ပါ. 













  • အဲ့ဒါဆိုရင် Mediafire ဆိုက်ထဲကို ရောက်သွားပါလိမ့်မယ်. အဲ့မယ် ပုံထဲကအတိုင်း click here to start download from mediafire ဆိုတဲ့ အပြာရောင် စာတမ်းကို နှိပ်လိုက်ပါ.













  • အခုလိုမျိုး Download link တန်းပြီး ကျလာပါလိမ့်မယ် internet download manager တင်ထား သူများ အောက်ကပုံအတိုင်း ကျလာရင် Start Download ကိုနှိပ်လိုက်တာနဲ့ သူ့ဟာသူ Download လုပ်နေပါလိမ့်မယ်. internet download manager မတင်ထားသူများကျတော့ ရိုးရိုး Save box လေးပေါ်လာပါလိမ့်မယ်. ပေါ်လာတဲ့ box က save file ကို နှိပ်ပြီး Download လုပ်လိုက်ပါ..







ကဲအားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.

No comments:

Post a Comment